Wednesday, October 10, 2012

မသိနားမလည်မှုအခြေပြု မြေယာသိမ်းယူမှုကြီးများနဲ့ အာရှစီးပွားဖြစ်စိုက်ပျိုးရေး



 မြေလွတ် မြေရိုင်း မြေလပ်တွေနဲ့ပတ်သက်လို့ နိုင်ငံတော်က နည်းဥပဒေထုတ်ထားတယ်။ ထူးဆန်းတာက အဲဒီဥပဒေဟာ နိုင်ငံသားများမသိသင့်တဲ့သဘော။ လျှို့ဝှက် ဆိုတဲ့ စာမဲကြီးနဲ့ ထွက်လာတယ်တဲ့။
နိုင်ငံတော်က နိုင်ငံတော်ကို ဒါမှမဟုတ် ပြည်သူကို ဒါမှမဟုတ် တောင်သူတွေကို နားလေးလှည့်ပြီး ပါးလေး ချမလို့နဲ့ တူပါရဲ့ဗျာ။
ဥပဒေတွေကို ဒေသခံတွေ၊ သာမန်ပြည်သူတွေ၊ တောင်သူမိလက္ခူတွေ နားလည်တဲ့ စာလုံးအသုံးအနှုံးတွေထိ ရောက်အောင် ဆင်းမရေးကြသေးပါဘူး။ ဒါဟာ သခင်ကြီးတို့ခေတ်ကနေ ဗိုလ်ကြီးတို့ခေတ်အထိပေါ့လေ။ ဒီဥပဒေတွေနဲ့ပတ်သက်ရင် ဥပဒေသက်ရောက်ခံရမဲ့ သူတွေ၊ ဒေသခံတွေလဲ ဘယ်တော့မှ ပါဝင်ခွင့်လဲ မရခဲ့ ပါဘူး။ နောက်တခုက ဒီလိုဥပဒေတွေပြုနေတဲ့ ရေးရာကော်မတီတွေ ကိုယ်တိုင်ကရော ဒီဥပဒေတွေရဲ့ ဆိုးကျိုး ကောင်းပြစ်ကို သေချာနားလည်ရဲ့လားဆိုတာလဲ မသေချာပြန်ပါဘူး။
ချင်းတောင်မှာဆို မြေတွေချပေးလိုက်တာ သာမန်ပြည်သူတွေထားလို့ ပါတီတွေတောင် မသိလိုက်ဘူးတဲ့။

Monday, October 8, 2012

အမှောင်ရိပ်မှာ တိတ်တဆိတ်ချုပ်ထားသော စာချုပ်များနှင့် မြန်မာနိုင်ငံသားတို့၏ ပိုင်ဆိုင်မှုများ မုဒိမ်းကျင့်ခံရမှု



ထိုင်းသို့ တင်ပို့နေသော သဘာဝဓာတ်ငွေ့များကို ကိုယ့်ပြည်တွင်းသုံးစွဲရန်အတွက် ယင်းထိုင်းကုမ္မဏီထံမှ ပြန်လည်ဝယ်ယူမည် ဆိုသည့်သတင်းကိုဖတ်ရတော့ ရင်ထဲ အောင့်သွားသည်။
မကြာခင်ကဘဲ လျှပ်စစ်မီးမလင်း၍ ဖယောင်းတိုင်ထွန်းဆန္ဒပြကြတော့ တရုပ်ဆီက လျှပ်စစ်ဓာတ်အားပြန်ဝယ်ရမည်ဆိုတုန်းက တခါ နာခဲ့ဘူးပြီ။ နောက်ထပ် နောက်ထပ် ဒီလို ဒီလို သတင်းမျိုးတွေ ဘယ်နှစ်ခါကြား၍ ဘယ်နှစ်ကြိမ်နာရအုံးမည်မသိပေ။

Sunday, October 7, 2012

ရခိုင်အရေး ဆွေးနွေးအဖြေရှာ (ကျော်ဝင်း)

ရခိုင်အရေး ဆွေးနွေးအဖြေရှာ
Photo
ကျော်ဝင်း
အတွဲ (၁၁)၊ အမှတ်(၃၀)
ယခုရက်ပိုင်း စာရေးသူ စာမရေးဖြစ်ပါ။ စာပင် ဟုတ်ဟုတ်ငြားငြား မဖတ်ဖြစ်ပါ။ သို့သော် တန်ပါသည်။ မိတ်ဆွများ၏ ကျေးဇူးကြောင့် ရခိုင်အရေး ဆွေးနွေးအဖြေရှာကြသော အလုပ်ရုံဆွေးနွေးပွဲနှစ်ခုကို ဆက်တိုက်ဆိုသလို တက်ခွင့်ရသောကြောင့် ဖြစ်ပါသည်။ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲများဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲနှစ်ခုတွင် စာရေးသူ တင်ပြခွင့်ရခဲ့သော ထင်မြင်ချက်များကို စုစည်းပြီး ယခုစာစုကို ရေးသားဖော်ပြလိုက်ပါသည်။

မြန်မာ့ဒီမိုကရေစီ

အရာရာမှာ ကိုယ်ပိုင် အမှတ်အသားရှိတယ်၊ ရှိလို့လဲ အမည်တခုစီ ပိုင်ဆိုင်ထားကြတာပေါ့.. အဲ့ဒီအတွက် အရာရာဟာ တခုနဲ့တခု မတူဘူး ဆိုတာ ရှင်းရှင်းလင်းလင်း ရှိနေပါတယ်။ အရာရာဟာ သူ့တန်ဖိုးနဲ့သူ ရှိနေမယ် အဲ့ဒီတန်ဖိုးတွေကို ငြင်းလို့မရဘူး အသိအမှတ် ပြုကို ပြုရမယ်၊ တန်ဖိုးတွေဟာ သူ့နေရာ သူ့ဒေသမှာ ရှိတဲ့ လူတွေရဲ့ သတ်မှတ်မှုအတိုင်း ရှိနေမယ်။